OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 54 - Burmese - Old Judson Version - Bible.is - MYAOJV

  1  အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက် ၌ တရားစီရင်တော်မူပါ။   2  အကျွန်ုပ်ပြုသော ပဌနာနှင့် အကျွန်ုပ်မြွက် သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။   3  အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ထကြပါပြီ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင် ၏ မျက်နှာတော်ကို မထောက်ကြပါ။   4  ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကို ကူမ တော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ၏။   5  ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။   6  အကျွန်ုပ်သည်လည်း၊ စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား၊ နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကောင်း မြတ်တော်မူ၏။   7  အကျွန်ုပ်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ် နှုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ် မျက်စိနှင့် မြင်၍အားရပါ၏။ ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ။