OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 127 - Burmese - Old Judson Version - Bible.is - MYAOJV

  1  ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။   2  စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။   3  ဘွားမြင်သော သားသမီးတို့သည်ထာဝရဘုရား ဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏။   4  အသက်ပျိုစဉ်၊ ဘွားမြင်သော သားသမီးတို့ သည် သူရဲလက်၌ ရှိသောမြှားကဲ့သို့ ဖြစ်ကြ၏။   5  မိမိမြှားတောင့်ကို သူတို့နှင့်ပြည့်စေသောသူ သည် မင်္ဂလာရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမရှိ။ ရန်သူတို့ကို တံခါးဝ၌ ဆီးတားကြလိမ့်မည်။