OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 12 - Burmese - Old Judson Version - Bible.is - MYAOJV

  1  အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။   2  အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။   3  ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။   4  ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။   5  ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။   6  ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။   7  အိုထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူမည်။   8  ဆိုးယုတ်သောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သည် ကာလ၊ မတရားသောသူတို့သည် အရပ်ရပ် လှည့်လည်ရသော အခွင့်ရှိကြ၏။