OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 114 - Burmese - Old Judson Version - Bible.is - MYAOJV

  1  ဣသရေလအမျိုး၊ ယာကုပ်အနွှယ်သည် ရိုင်း သောလူမျိုးနေရာ အဲဂုတ္တုပြည်က ထွက်သွားသောအခါ၊   2  ယုဒအမျိုးသည် သန့်ရှင်းရာဌာနတော်ဖြစ်၏။ ဣသရေလအမျိုးသည် နိုင်ငံတော်ဖြစ်၏။   3  ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။   4  တောင်ကြီးတို့သည် သိုးကဲ့သို့၎င်း၊ တောင်ငယ်တို့သည် သိုးသငယ်ကဲ့သို့၎င်း ခုန်ကြ၏။   5  အချင်းပင်လယ်၊ သင်ပြေးသည် အ ကြောင်း၊ အချင်းယော်ဒန်မြစ်၊ သင်သည် နောက်သို့လှည့် သည်အကြောင်း၊   6  အချင်းတောင်ကြီးတို့၊ သင်တို့သည် သိုးကဲ့သို့ ခုန်ကြသည်အကြောင်း၊ အချင်းတောင်ငယ်တို့၊ သင်တို့ သည် သိုးသငယ်ကဲ့သို့ ခုန်ကြသည် အကြောင်းကား အဘယ်သို့နည်း။   7  အိုမြေကြီး၊ အရှင်၏မျက်နှာတော်ရှေ့၊ ယာကုပ် အမျိုးကိုးကွယ်သော ဘုရားသခင်၏ မျက်နှာတော်ရှေ့မှာ တုန်လှုပ်လျက်နေလော့။   8  ဘုရားသခင်သည် ကျောက်ကို ရေကန်၊ မီးကျောက်ကို စမ်းရေတွင်းဖြစ်စေတော်မူသတည်း။