OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Psalms 113 - Burmese - Old Judson Version - Bible.is - MYAOJV

  1  ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား ၏နာမတော်ကို ချီးမွမ်းကြလော့။ ချီးမွမ်းကြလော့။   2  ထာဝရဘုရား၏ နာမတော်သည် ယခုမှစ၍၊ အစဉ်အဆက် မင်္ဂလာရှိစေသတည်း။   3  နေထွက်ရာမှသည် နေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏နာမတော်သည် ချီးမွမ်းဘွယ်ဖြစ်၏။   4  ထာဝရဘုရားသည် လူမျိုးတကာတို့ အပေါ်၌၎င်း၊ ဘုန်းတော်သည် ကောင်းကင်အပေါ်၌၎င်း မြင့်တော်မူ၏။   5  ကိုယ်ကို ချီးမြှင့်၍ ကျိန်းဝပ်တော်မူသော်လည်း၊   6  ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီး အရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း။   7  ဆင်းရဲသောသူကို မြေမှုန့်ထဲကကြွလျက်၊ ငတ်မွတ်သော သူကို နောက်ချေးပုံထဲက ချီးမြှောက်လျက်၊   8  မင်းသားတို့တွင်၎င်း၊ မိမိလူတို့ကို အုပ်စိုးသော မင်းတို့တွင်၎င်း နေရာပေးတော်မူ၏။   9  မြုံနေသောမိန်းမသည် အိမ်၌နေ၍၊ဝမ်းမြောက် သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။