OJV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Job 25 - Burmese - Old Judson Version - Bible.is - MYAOJV

  1  တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊   2  ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။   3  ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။   4  သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။   5  လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။   6  ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။