1 Peter 5

1ငါကဲ့သို့အသင်းတော်ကိုအုပ်ထိန်းရသူများ ဖြစ်ကြသည့်သင်တို့အားမေတ္တာရပ်ခံလို၏။ ငါသည်ခရစ်တော်ခံရသောဝေဒနာကိုတွေ့မြင် ရသူတစ်ဦးအနေနှင့်လည်းကောင်း၊ ပေါ်လွင် ထင်ရှားလတ္တံ့သောဘုန်းအသရေတော်ကို သင်တို့နှင့်အတူပါဝင်ခံယူရန်မျှော်လင့် သူတစ်ဦး အနေနှင့်လည်းကောင်းမေတ္တာရပ်ခံလို၏။- 2သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။- 3သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။- 4သင်တို့သည်သိုးထိန်းချုပ်ကြီးပေါ်ထွန်းတော် မူသောအခါဘုန်းအသရေထွန်းတောက်သော၊ အဘယ်အခါ၌မျှအရောင်အဝါမမှေးမှိန် နိုင်သောသရဖူကိုရရှိကြလိမ့်မည်။ 5ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်“ဘုရားသခင်သည်မာနကြီးသူကို ဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏” ဟုဖော်ပြပါရှိသော ကြောင့်တည်း။- 6သို့ဖြစ်၍ဘုရားသခင်သည်အချိန်တန်သော အခါသင်တို့အားချီးမြှင့်တော်မူနိုင်ရန် သင်တို့သည်ကိုယ်တော်၏တန်ခိုးကြီးသော လက်တော်အောက်၌မိမိတို့ကိုယ်ကိုနှိမ့်ချ ကြလော့။- 7ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြုတော်မူ သောကြောင့် သင်တို့၏ပူပင်သောကရှိသမျှတို့ကို ကိုယ်တော်အားပုံ၍အပ်နှံကြလော့။ 8နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့်နေကြ လော့။ သင်တို့၏ရန်သူမာရ်နတ်သည်ဟောက်သော ခြသေ့င်္ ကဲ့သို့ဝါးမျိုရမည့်သူကိုလှည့်လည်ရှာဖွေလျက်ရှိ၏။- 9သင်တို့သည်မိမိတို့၏ယုံကြည်ခြင်းကိုခိုင်မာစေလျက် သူ၏ရန်ကိုတွန်းလှန်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့သိကြသည့်အတိုင်းကမ္ဘာတစ်ဝှမ်းလုံးရှိသင်၏ ညီအစ်ကိုအပေါင်းတို့သည် ဤသို့သောဆင်းရဲဒုက္ခနှင့် ကြုံတွေ့လျက်ရှိနေကြသောကြောင့်ဖြစ်၏။- 10သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှယင်းသို့ ဆင်းရဲဒုက္ခရောက်ကြပြီးနောက် ကျေးဇူးတော်အပေါင်း၏ အရှင်၊ သင်တို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် ထာဝရဘုန်းအသရေတော်ကို ဝင်စားခွင့်ပေးရန်ဖိတ်ခေါ်တော်မူသောအရှင်၊ ဘုရားသခင် ကိုယ်တော်တိုင်သင်တို့အား အပြစ်ဆိုဖွယ်မရှိအောင်ပြုပြင်ပေးတော်မူ၍ သင်တို့အား ခိုင်ခံ့စေတော်မူပြီးလျှင်ခွန်အားနှင့်ပြည့်ဝ စေလျက်ကြံ့ခိုင်စွာရပ်တည်စေတော်မူလိမ့်မည်။- 11ကိုယ်တော်သည်ထာဝစဥ်တန်ခိုးတော်ကြီး တော်မူပါစေသတည်း။ အာမင်။ 12ငါသည်ဤစာတိုကလေးကို သိလွာနု၏အကူအညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြားရန် နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရား သခင်၏ကျေးဇူးတော်အစစ်အမှန်ဖြစ်ကြောင်းကို သက်သေခံရန် ဤစာကိုရေးပို့လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာရပ်တည်ကြလော့။ 13ဘုရားသခင်ရွေးချယ်တော်မူခြင်းကို သင်တို့နည်းတူခံရသည့်ဗာဗုလုံမြို့အသင်းတော်ဝင်တို့က သင်တို့အားနှုတ်ဆက်လိုက်၏။ ငါ့သား မာကုကလည်းနှုတ်ဆက်လိုက်၏။- 14သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာဖြင့်နမ်းရှုတ်လျက်နှုတ်ဆက်ကြလော့။ ခရစ်တော်၏တပည့်တော်များဖြစ်ကြသူ သင်တို့အပေါင်းသည် ငြိမ်သက်ခြင်းကို ခံစားရကြပါစေသော။

will be added

X\