1 Peter 3

1ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ၏ အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအားဖြင့် သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို မယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့၏ အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြောရန်ပင် မလိုပေ။- 2အဘယ်ကြောင့်ဆိုသော်သင်တို့အဘယ်မျှ စိတ်ထားဖြူစင်သည်ကိုလည်းကောင်း၊ ဘုရား တရားရိုသေကိုင်းရှိုင်းသည်ကိုလည်းကောင်း သူတို့တွေ့မြင်မည်ဖြစ်သောကြောင့်တည်း။- 3သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊- 4မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဥ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော်မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။- 5ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ၏ စကားကိုနားထောင်ခြင်းအားဖြင့်လှပအောင် တန်ဆာဆင်ကြ၏။- 6ဥပမာပြောရသော်စာရာသည်အာဗြဟံ၏ စကားကိုနားထောင်၏။ အာဗြဟံကိုသခင် ဟုခေါ်၏။ သင်တို့သည်မည်သည်ကိုမျှကြောက်ရွံ့ ခြင်းမရှိဘဲ ကောင်းမြတ်သည့်အကျင့်ကို ပြုကျင့်ပါလျှင်စာရာ၏သမီးများဖြစ်ကြ၏။ 7ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့်အတူ ခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံရကြမည်။ သို့မှသာ သင်တို့၏ပတ္ထနာများကို အဆီးအတားရှိမည်မဟုတ်။ 8နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာထောက်ထား၍ တစ်ယောက်ကိုတစ်ယောက် ညီရင်းအစ်ကိုကဲ့သို့ ချစ်ကြလော့။ ကြင်နာသနားတတ်သောသဘော၊ နှိမ့်ချတတ်သောသဘောရှိကြလော့။- 9အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန်ဆဲခြင်း ကိုကျိန်ဆဲခြင်းအားဖြင့် လည်းကောင်းတုံ့ပြန်ခြင်း မပြုကြနှင့်။ ယင်းသို့ပြုမည့်အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကတိထား တော်မူသည့်ကောင်းချီးမင်္ဂလာကို ခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။- 10အောက်ပါကျမ်းစာတော်အရဖော်ပြသည်နှင့် အညီဖြစ်သည်။ “မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်းသာကို အလိုရှိသူသည်၊ မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်းရမည်။ မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။ 11သူသည်ဒုစရိုက်ကိုရှောင်ရှားလျက် သုစရိုက်ကိုပြုရမည်။ ငြိမ်းချမ်းမှုအတွက်အစွမ်းကုန်ကြိုးပမ်းရမည်။ 12အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။ သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။” 13သို့ဖြစ်၍သုစရိုက်တရားကိုသင်တို့ခုံမင် စွဲလမ်းကြပါမူအဘယ်သူသည်သင်တို့အား ဘေးသင့်စေနိုင်မည်နည်း။- 14သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော် မင်္ဂလာရှိကြ၏။ မည်သူအားမျှမကြောက်ကြ နှင့်။ မစိုးရိမ်ကြနှင့်။- 15သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော်ကို ရိုသေကိုင်းရှိုင်း၍အရှင်သခင် အဖြစ်ဖြင့်ခံယူ ကြလော့။ သင်တို့ခံယူရရှိသည့်မျှော်လင့်ချက် အကြောင်းကိုစစ်ဆေးမေးမြန်းလာသူအား အချိန်မရွေးရှင်းလင်းဖော်ပြရန်အသင့် 16သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင်၍ အရှက်ရကြစေရန် သင်တို့၏သြတ္တပစိတ်ကို ကြည်လင်စေကြလော့။- 17သုစရိုက်ကိုပြုသဖြင့်ဆင်းရဲဒုက္ခရောက်ခြင်း သည်ဘုရားသခင်၏အလိုတော်အရဖြစ်လျှင် ယင်းသည်ဒုစရိုက်ကိုပြုခြင်းထက်ပို၍ကောင်း၏။- 18အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင်ပင် လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍ မသူတော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်းသို့ပြုတော်မူခြင်းမှာသင်တို့အားဘုရားသခင် ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်း ဝိညာဥ်အားဖြင့်အသက်ပြန်၍ရှင်တော်မူ၏။- 19ဝိညာဥ်အားဖြင့်ကိုယ်တော်သည်အကျဥ်းကျလျက်နေသောဝိညာဥ်များထံသို့သွားရောက်၍ တရားဟောတော်မူ၏။- 20ထိုဝိညာဥ်တို့ကားသင်္ဘောကိုနောဧတည်ဆောက်လျက်နေစဥ်တွင် သည်းခံစောင့်ဆိုင်းလျက် နေတော် မူသောဘုရားသခင်၏စကားကိုနားမထောင် ခဲ့သူတို့၏ဝိညာဥ်များပင်ဖြစ်သတည်း။ သို့ရာတွင် ရေအားဖြင့်ကယ်ဆယ်ခြင်းခံရသူများမှာ သင်္ဘောပေါ်တွင်အနည်းငယ်သာရှိ၍ အရေအတွက်အားဖြင့်ရှစ်ယောက်မျှသာဖြစ်၏။- 21ဤတွင်ရေဟုဆိုရာ၌သင်တို့ကိုယခုကယ်တင်သော ဗတ္တိဇံမင်္ဂလာကိုပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည်ကိုယ်ကာယအညစ်အကြေးများကို သန့်စင်ဆေးကြောခြင်းမဟုတ်။ သြတ္တပစိတ်ကြည်လင်စွာဖြင့် ဘုရားသခင်၏ရှေ့တော်၌ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ သေ ခြင်းမှသခင်ယေရှုခရစ်ရှင်ပြန် ထမြောက်တော်မူခြင်းကိုအကြောင်းပြု၍ သင်တို့သည်ဗတ္တိဇံ အားဖြင့်ကယ်တင်ခြင်း ကိုခံရကြ၏။- 22ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ၍ ယခုအခါဘုရားသခင်လက်ယာတော်ဘက် တွင်ရှိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုးရှင်များကို အုပ်စိုး၍နေတော်မူ၏။

will be added

X\