1 Peter 2

1သို့ဖြစ်၍သင်တို့သည်မကောင်းမှုအမျိုးမျိုး နှင့်လှည့်ဖြားမှု၊ ဟန်ဆောင်မှု၊ မနာလိုမှုနှင့် ဆဲရေးတိုင်းထွာမှု တို့ကိုပယ်ရှားကြလော့။- 2မွေးစကလေးသူငယ်ကဲ့သို့ဝိညာဥ်နို့ရည်စစ်ကို အမြဲလိုလားတောင့်တကြလော့။ သို့မှသာသင်တို့ သည်ကြီးထွား၍ကယ်တင်ခြင်းခံရလိမ့်မည်။- 3ကျမ်းစာတော်က“ထာဝရဘုရားသည်သနား ကြင်နာတော်မူတတ်ကြောင်းကိုသင်တို့ ကိုယ်တိုင်သိရှိကြ၏” ဟုဆိုသည်နှင့် အညီဖြစ်၏။ 4သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော်သို့လာ ကြလော့။ ထိုသခင်သည်သက်ရှိကျောက်ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန်ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်း ဘုရားသခင်၏ရွေးချယ်ခံအဖိုးတန် ကျောက်ဖြစ်တော်မူ၏။- 5သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော် တည်ဆောက်ရေးတွင် ပါဝင်အသုံးခံကြ လော့။ ထိုဝိညာဥ်ဗိမာန်တော်တွင်သင်တို့ သည်ဘုရားသခင်နှစ်သက်တော်မူသော ဝိညာဥ်ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော်သောသန့်ရှင်းမြင့်မြတ်သည့် ယဇ်ပုရောဟိတ်အနွယ်ဝင် များဖြစ်ကြလိမ့်မည်။- 6အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင် “ငါသည်အဖိုးတန်ကျောက်တစ်လုံးကိုရွေးချယ်၍၊ ဇိအုန်တောင်ပေါ်မှာထောင့်ချုပ်ကျောက်အဖြစ် ချထား၏။ မည်သူမဆိုထိုအရှင်ကိုယုံကြည်လျှင် စိတ်ပျက်ရလိမ့်မည်မဟုတ်” ဟုဖော်ပြပါရှိသောကြောင့်ဖြစ်၏။ 7ယုံကြည်သူတို့အဖို့ထိုကျောက်သည်တန်ဖိုး ရှိ၏။ မယုံကြည်သူတို့အဖို့မှာ၊ “တိုက်သည်ဆောက်သူတို့ပယ်ထားသော ကျောက်သည် အရေးကြီးသောထောင့်ကျောက်ဖြစ်လာရ၏” ဟုဖော်ပြ၏။ 8အခြားကျမ်းတစ်ပုဒ်တွင်၊ “ထိုကျောက်သည် လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏” ဟုဖော်ပြပါရှိ၏။ သူတို့သည် နှုတ်ကပတ်တော်ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။ 9သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ်၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့်မြတ် သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူသောလူမျိုး ဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော်မူခြင်းခံရ သည်မှာ ဘုရားသခင် ပြုတော်မူသောအံ့ဖွယ် ကောင်းသည့်အမှုအရာများကိုဖော်ပြကြေညာ နိုင်စေခြင်း၊ ဘုရားသခင်သည် သင်တို့အား အမှောင်ထဲမှအံ့ဖွယ်ရာအလင်းထဲသို့ခေါ်ယူ တော်မူပေသည်။- 10အခါတစ်ပါးကဘုရားသခင်၏လူစုတော် မဟုတ်သူသင်တို့သည်ယခုအခါကိုယ်တော်၏ လူစုတော်ဖြစ်ကြပြီ။ အခါတစ်ပါးက သင်တို့သည်ဘုရားသခင်၏ကရုဏာတော်ကို မသိရကြ။ ယခုမှာမူကိုယ်တော်၏ကရုဏာတော်ကိုခံစားရကြလေပြီ။ 11ချစ်ဆွေတို့၊ သင်တို့သည်ဤလောကတွင်ဧည့်သည် အာဂန္တုအဖြစ်နှင့် မိမိတို့အားအမြဲစစ်ပြိုင် တိုက်ခိုက်လျက်နေသောကာယတပ်မက်မှုများ ကိုအရှုံးမပေးရန် ငါတိုက်တွန်းနှိုးဆော်၏။- 12မယုံကြည်သူတို့သည်သင်တို့အားမကောင်းမှုပြုကြ သူများဟု ပြစ်တင်စွပ်စွဲလျက်နေကြစဥ် သင်တို့၏ အကျင့်ကောင်းများကိုမြင်သဖြင့်ဘုရားသခင်ကြွလာ တော်မူရာနေ့၌ ကိုယ်တော်၏ ဘုန်းအသရေတော်ကို ချီးကူးကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူကျင့်ကြံ လျက်နေကြလော့။ 13သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူ အာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်းကိုဝန်ခံ ကြလော့။ ဘုရင်ဧကရာဇ်မင်းအားအချုပ်အခြာ အာဏာပိုင်အဖြစ်ဖြင့်လည်းကောင်း၊- 14ဘုရင်ခံများအားလူဆိုးတို့ကိုအပြစ်ပေးရန် နှင့်၊ လူကောင်းတို့ကိုချီးမြှင့်ရန်ဘုရင်ဧကရာဇ် ခန့်ထားသောသူများအဖြစ်ဖြင့်လည်းကောင်း လက်ခံကြလော့။- 15သင်တို့သည်မိမိတို့၏အကျင့်ကောင်းအားဖြင့် အသိဥာဏ်ကင်းမဲ့သည့်လူမိုက်တို့၏နှုတ်ကို ပိတ်ရန် ဘုရားသခင်အလိုတော်ရှိှတော်မူ၏။- 16သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံတစ်ရာ ကိုဖုံးကွယ်ရန်အတွက်မိမိတို့၏လွတ်လပ်မှုကို အသုံးမပြုကြနှင့်။ သို့ရာတွင်သင်တို့သည်ဘုရား သခင်၏ကျွန်များအဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။- 17ခပ်သိမ်းသောသူတို့ကိုလေးစားကြလော့။ ယုံကြည် သူတို့ကိုချစ်ကြလော့။ ဘုရားသခင်ကိုကြောက်ရွံ့ကြလော့။ ဘုရင်ဧကရာဇ်မင်းအားရိုသေကြလော့။ 18အစေခံတို့၊ သင်တို့သည်မိမိတို့သခင်များ၏ အုပ်စိုးခြင်းကိုဝန်ခံရကြမည်။ စိတ်ကောင်းရှိ၍ ညှာတာထောက်ထားတတ်သောသခင်များကိုသာ မဟုတ်၊ ကြမ်းယုတ်သောသခင်တို့ကိုလည်း အလွန်ကြောက်ရွံ့ရိုသေကြလော့။- 19သင်တို့သည်ဘုရားသခင်၏အလိုတော်ကိုသိ သဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခများကို မညည်းမညူဘဲခံကြပါမူ ဘုရားသခင်သည်သင်တို့အားကောင်းချီးပေးတော်မူလိမ့်မည်။- 20သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက် ဒုက္ခဆင်းရဲကိုခံရသောအခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အား ကောင်းချီးပေးတော်မူလိမ့်မည်။- 21ဤနည်းအတိုင်းပြုမူစေရန်သင်တို့အားကိုယ်တော် ရွေးကောက်တော်မူခြင်းဖြစ်ပေသည်။ ခရစ်တော် ကိုယ်တိုင်ပင်လျှင် သင်တို့အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော်ရာကိုသင်တို့ လိုက်လျှောက် နိုင်စေရန်စံနမူနာထားခဲ့ပြီ။- 22ကိုယ်တော်သည်အပြစ်မကူး၊ မုသားကိုလည်း အဘယ်အခါ၌မျှသုံးတော်မမူ။- 23မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံတော်မူရသော အခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့ မိမိ၏အမှုကို အပ်တော်မူ၏။- 24ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင် ယူဆောင်ကာလက်ဝါးကပ်တိုင်၌ ဒုက္ခဝေဒနာခံတော်မူ၏။ ငါတို့သည်ကိုယ်တော် ၏ဒဏ်ရာဒဏ်ချက်များအားဖြင့်အနာ ပျောက်လျက်ရှိကြ၏။- 25သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဥ်တို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင့် သိုးထိန်းကြီးထံသို့ပြန်လည်ရောက်ရှိကြလေပြီ။

will be added

X\